
အိန္ဒိယနိုင်ငံ၌ အစိုးရသည် စားအုန်းဆီတင်သွင်းမှုအပေါ် သတ်မှတ်ထားသည့် အခြေခံ ဈေးနှုန်းများကို တစ်တန်လျှင် ၃ ဒေါ်လာမှ ၂၂ ဒေါ်လာအတွင်း လျှော့ချခဲ့ပြီး ပဲပုပ်ဆီကြမ်းအတွက် အခြေခံသွင်းကုန်ဈေးနှုန်း သတ်မှတ်ထားရှိမှုကိုမူ တစ်တန်အပေါ် ၁၄ ဒေါ်လာထပ်ဆောင်းတိုးမြှင့် လိုက်သည်ဟု သွယ်ဝိုက်အခွန်နှင့် အကောက်ခွန်များ ကြီးကြပ်မှု ဗဟိုအဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့ တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ပြောဆိုခဲ့သည်။ သို့သော် အဆင့်မြင့် စားအုန်းဆီ (palmolein oils) များ၏ အခြေခံသွင်းကုန်ဈေးနှုန်းများကို ပြောင်းလဲမှုမရှိကြောင်း၊ ယခုကဲ့သို့ ပြင်ဆင်လိုက် သော နှုန်းထားများသည် နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင်သက်ရောက်မှုရှိကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရသည် သွင်းကုန်၏တန်ဖိုးအပေါ်အခြေခံသည့် အကောက်ခွန်ကို စည်းကြပ် သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများ ပြောင်းလဲမှုနှင့် နိုင်ငံခြားငွေလဲနှုန်းများ ပြောင်းလဲမှုတို့ အပေါ်မူတည်၍လည်း အခြေခံသွင်းကုန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို သုံးသပ်ဆောင်ရွက်လျက်ရှိ သည်။ ပုံမှန်အားဖြင့် အစိုးရသည် စားသုံးဆီများအတွက် အခြေခံသွင်းကုန်ဈေးနှုန်းများ သုံးသပ် သတ်မှတ်ခြင်းကို နှစ်ပတ်တစ်ကြိမ် လုပ်ဆောင်လေ့ရှိပြီး ၎င်းဈေးနှုန်းများကို တင်သွင်းလာသော ကုန်စည်အပေါ် ကျသင့်အကောက်ခွန်တွက်ချက်ရာ၌ အသုံးပြုသည်။ စားသုံးဆီများ၏ အခြေခံ သွင်းကုန်ဈေးနှုန်းများကို နိုဝင်ဘာ ၁၄ ရက်နေ့၌ နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယခုအမိန့်ကြော်ငြာစာအရ စားအုန်းဆီကြမ်း၏ အခြေခံသွင်းကုန်ဈေးနှုန်းကို တစ်တန်လျှင် ၂၂ ဒေါ်လာ လျှော့ချခဲ့ပြီး အရောင်ချွတ်၊ အနံ့သတ်၊ သန့်စင်ပြီးသည့် စားအုန်းဆီချော၏ အခြေခံ သွင်းကုန်ဈေးနှုန်းကို တစ်တန်လျှင် ၃ ဒေါ်လာ လျှော့ချခြင်းဖြစ်သည်။ သို့သော် အဆင့်မြင့် စားအုန်း ဆီကြမ်းနှင့် အရောင်ချွတ်၊ အနံ့သတ်၊ သန့်စင်ပြီးသည့် အဆင့်မြင့်စားအုန်းဆီချောတို့၏ ဈေးနှုန်း များကို ပြင်ဆင်ခြင်းမပြုပဲထားရှိသည်။
အိန္ဒိယအစိုးရက စားသုံးဆီများ၏ တစ်တန်လျှင် အခြေခံသွင်းကုန်ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်ခဲ့သည့် နှိုင်းယှဉ်ချက်ဇယားကို အောက်ပါအတိုင်း တွေ့ရှိရသည်-
|
စားသုံးဆီ အမျိုးအစား |
နိုဝင်ဘာ ၂၈ ဈေးနှုန်း |
နိုဝင်ဘာ ၁၄ ဈေးနှုန်း |
အတိုး/ အလျော့ |
|
စားအုန်းဆီကြမ်း (Crude palm oil) |
၁၀၄၄ |
၁၀၆၆ |
(-) ၂၂ |
|
စားအုန်းဆီချော (RBD palm oil) |
၁၀၈၁ |
၁၀၈၄ |
(-) ၃ |
|
အဆင့်မြင့် စားအုန်းဆီကြမ်း (Crude palmolein) |
၁၀၈၈ |
၁၀၈၈ |
- |
|
အဆင့်မြင့် စားအုန်းဆီချော (RBD palmolein) |
၁၀၉၁ |
၁၀၉၁ |
- |
|
ပဲပုပ်ဆီကြမ်း (Crude soyoil) |
၁၁၇၃ |
၁၁၅၉ |
၁၄ |
Source: Infomist Media, 29 Nov 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
