
ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်းခြံမြို့နယ်သည် အပူပိုင်းမိုးနည်း ရပ်ဝန်း ဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်အသင့်အတင့်ရှိ၍ လယ်ယာမြေများတွင် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ပြောင်းတို့စိုက်ပျိုးထားရှိသည်သာမက မတ်ပဲ(ဆောင်း)သီးနှံကိုလည်း စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုး ချိန်မှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်မည် ဖြစ်ကြောင်း၊ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် မတ်ပဲ (ဆောင်း) စိုက်ပျိုးထားရှိမှုမှာ (၁၂၉) ဧကစိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရန် ကျန်ရှိသော ဧကများ လျာထား ချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်း များအရသိရှိရသည်။ မတ်ပဲသီးနှံကို လယ်သစ်ရွာ၊ ဂေါင်းကွဲရွာ၊ အနိမ့်ရွာနှင့် လေးအိမ်တန်းကျေးရွာများတွင်စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)
