Main menu

၂၀၂၅/၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏ကုလားပဲ(ဆောင်း)စိုက်ပျိုးထားရှိမှု

Powered by Drupal

       မြင်းခြံမြို့နယ်တွင် ကုလားပဲ(ဆောင်း)သီးနှံကို အောက်တိုဘာလ၊နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး  ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကုလားပဲ(ဆောင်း) သီးနှံလျားထား ဧက(၁၀၁၀၀) တွင် စိုက်ပျိုးထားပြီးဧက(၂၄၆၁)ဧက စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများ လျာထားချက်ပြည့်မီအောင် ဆက်လက် စိုက်ပျိုးမည်ဖြစ်ကြောင်းသိရှိရသည်။ စိုက်ပျိုးရာတွင် အတန်းလိုက် မျိုးစေ့ချစနစ်ဖြင့်စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၈)ပြည်ခန့် စိုက်ပျိုး ထားကြောင်း၊ အပင်ငယ်များ (၁၅-၂၀)ရက်သားခန့်ရှိလျှင် အပင်များကိုသားခွဲပေးရကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၁၂-၁၃)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊  ရာသီဥတုနှင့် မြေအမျိုးအစား၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့်အပင်ပြုစုမှုကောင်းမွန်ပါကအထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)