
မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်၌ပဲမျိုးစုံ၊ ဆီထွက်သီးနှင့် ကြက်သွန်နီသီးနှံများ ကိုအရောင်းအဝယ်ဖြစ်လျက်ရှိရာ၊ ပဲစဉ်ငုံသီးနှံသည်လည်း အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခု၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၉၅၀၀)ကျပ်၊ ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၂၀၀၀)ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခင်လအတိုင်း ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းအေးလျှက်ရှိကြောင်း၊ စဉ်းငုံသီးနှံသည် ယခုလက်ရှိတွင် လက်ကျန်များလျော့နည်းနေပြီး ဒေသတွင်း၌ရှိသော အိတ်လက်ကျန်များကိုသာ အရောင်း အဝယ်ပြုလုပ်ကြကြောင်း၊ ယခုစိုက်ပျိုးထားသော ပဲစဉ်းငုံမိုးသီးနှံများကို၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
