အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၃.၁၁.၂၀၂၂)ရက်နေ့မှ ယခုအပတ် (၉.၁၁.၂၀၂၂)ရက်နေ့အတွင်း (၄၅)ပိဿာဝင်(၁)အိတ်လျှင် နှမ်းနက်(စမုံ) ကျပ်(၂၆၅၀၀၀)၊ နှမ်းဖြူ ကျပ်(၂၅၀၀၀၀)၊ နှမ်းနီ ကျပ်(၂၃၀၀၀၀)တို့ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းပြာမှာယခင်အပတ် ကျပ်(၂၃၀၀၀၀) ယခု အပတ်ကျပ်(၂၂၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး အရောင်းအဝယ်ပမဏ အနေဖြင့် နှမ်းနက် (စမုံ) (၁၂၀၀)အိတ်၊ နှမ်းပြာ(၃၈၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၇၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့ကြောင်း ကုန်သည်များထံမှသိရပါသည်။
ပဲမျိုးစုံဈေးကွက်အနေဖြင့် (၂၀)ပိဿာဝင် (၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ် ကျပ်(၄၈၀၀၀) ယခုအပတ် ကျပ်(၄၉၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးမြင့်၊ မတ်ပဲ ယခင်အပတ် ကျပ်(၅၆၀၀၀) ယခုအပတ်ကျပ်(၆၀၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်ကျပ် (၃၈၀၀၀)၊ ယခုအပတ် ကျပ်(၃၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ပြီး ပဲစဉ်းငုံ(နီ) ယခင်အပတ်ကျပ်(၅၉၅၀၀) ယခုအပတ် ကျပ်(၅၈၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးနိမ့်၊ ပဲကြီး ယခင်အပတ်ကျပ် (၇၈၀၀၀) ယခုအပတ် ကျပ်(၇၅၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀)ဈေးနိမ့်ကာ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)မှာ ယခင်အပတ်ကျပ် (၆၃၀၀၀) ယခုအပတ်ကျပ် (၆၃၀၀၀)ဖြင့်ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး အရောင်း အဝယ်အနေဖြင့် ပဲတီစိမ်းမှာ (၃၀)ပိဿာဝင် (၄၈၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၆၅၀)အိတ်၊ မတ်ပဲ(၁၂၅) အိတ်၊ ကုလားပဲ(HL)(၇၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၆၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၇၀)အိတ်၊ ပဲကြီး (၄၅၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ် ကျပ် (၅၄၀၀) ယခုအပတ် ကျပ်(၅၃၅၀)ဖြစ်၍ ကျပ်(၅၀) ဈေးနိမ့်ပြီး မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ် (၅၃၅၀)၊ မြေပဲတောင့်အစို တစ်တင်းလျှင် ကျပ်(၂၂၀၀၀)ဖြစ်၍ မြေပဲလုံးဆံ(နီ)နှင့် မြေပဲတောင့် အစိုတို့မှာ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ မြေပဲလုံးဆံ(နီ) အိတ်(၁၁၅၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ် (၉၅၀)၊မြေပဲတောင့်အစို တင်း(၅၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါသည်။
ဝါသီးနှံအနေဖြင့်လည်း ယခင်အပတ် တစ်ပိဿာလျှင် ကျပ်(၂၃၀၀)ယခုအပတ် ကျပ်(၂၄၅၀) ဖြစ်၍ ကျပ်(၁၅၀)ဈေးမြင့်ကာ ဝါပိဿာချိန် (၃၅၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင် မှ သိရှိရပါသည်။
DOCA(မကွေး)