Main menu

၂၀၂၅/၂၀၂၆ခုနှစ်၊မြင်းခြံမြို့နယ်၏ပဲကြီး(ဆောင်း)စိုက်ပျိုးထားရှိမှု

Powered by Drupal

            အပူပိုင်းမိုးနည်းရပ်ဝန်းဒေသဖြစ်သော မြင်းခြံမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း တွင်တည်ရှိ၍  မိုးကောင်းသောက်ဧရိယာများတွင် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဆေးရွက်ကြီး၊ပြောင်းနှင့် ကြက်သွန်နီများစိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။ ပဲကြီး(ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ် ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် ပဲကြီး (ဆောင်း) သီးနှံ စီမံကိန်း (၁၆၅၃) လျာထားဧက တွင် (၄၁၀)ဧက စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသော ဧကများလျာထားချက်မီအောင် ဆက်လက်စိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ပဲကြီး (ဆောင်း)ကို လေးအိမ်တန်းကျေးရွာ၊ ဓါးကျွန်းရွာ၊ ဖိုးတုတ်ဖြူရွာနှင့် သဲဖြူဝရွာများတွင်စိုက်ပျိုးထားကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့်ပဲကြီးတစ်ဧကလျှင် (၈-၉)ခန့်ထွက်ရှိကြောင်း၊ ပင်ကြား၊တန်းကြား (၃ပေ×၃ပေ) စနစ်ဖြင့်စိုက်ပျိုးထားရှိ၍ နှစ်ပတ်ခြားတစ်ခါ ရေသွင်းပေးရကြောင်း၊ ပင်ကြား၊တန်းကြား အကွာအဝေးတွင် ကြားသီးနှံအဖြစ် နှံစားပြောင်းသီးနှံ စိုက်ပျိုးထားရှိကြောင်း၊ဆောင်းရာသီစိုက်ပဲကြီးစိုက်ခင်းများကို ပုံမှန်အတိုင်း ရေသွင်းပေးခြင်း၊ သွင်းအားစုနှင့် အပင်ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ခြင်းဖြင့် ယခင်ထက်အထွက်နှုန်းကောင်း နိုင်ကြောင်း ပဲကြီးစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)