
မြန်မာနိုင်ငံတွင် ဂေါ်ဖီထုပ်များကို ဆောင်းရာသီ၌ စိုက်ပျိုးလေ့ရှိကြောင်း၊ အေးမြသော ရာသီဥတုကို ကြိုက်နှစ်သက်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်များတွင် ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ အပူပိုင်းဒေသ များဖြစ်သော မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတို့တွင် ဆောင်းရာသီ၌စိုက်ပျိုး ကြကြောင်းသိရှိရသည်။ မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် ရောင်းချနေသော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း မြို့တို့မှ တင်သွင်းရောင်းချကြကြောင်း၊ ယခုလ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ဂေါ်ဖီထုပ်ကြီး တစ်ထုပ် လျှင် (၂၅၀၀)ကျပ်၊ အလတ်တစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၀၀၀-၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်ရောင်းချကြကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင်ဂေါ်ဖီတစ်ထုပ်လျှင် (၂၀၀)ကျပ်ခန့် ဈေးများကျဆင်းခဲ့ကြောင်း၊ နေ့စဉ် ဂေါ်ဖီအထုပ်ရေ (၅၀-၇၀) ခန့်ရောင်းချရကြောင်း၊ အရည်အသွေး အမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် နွားထိုးကြီးမြို့နှင့် တောင်သာ မြို့သို့လည်း တင်ပို့ရောင်းချရ ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
