
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဆန်စပါး သို လှောင်ရုံများကို MyRO Website တွင် မှတ်ပုံတင်ဆောင်ရွက်လျက်ရှိရာ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ဧရာဝတီတံတားလမ်းရှိ ဆန် လက်လီ/ လက်ကားရောင်းချသူ လုပ်ငန်းရှင် ဦးထက်ဝေဇော်၏ သိုလှောင်ရုံအား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏမှာ အိတ်ရေ(၂၀၀၀၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အကြီးစားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၈၀)ပေ၊ အနံ(၂၀၀)ပေ၊ အမြင့်(၂၀)ပေရှိပြီး အမိုး(သွပ်)၊ အကာ (အုတ်)၊ အခင်း(ကွန်ကရစ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ ဆန်မျိုးစုံဖြစ်ပြီး (၁၀.၁၁.၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ(၈၀၀၀)ခန့် ရှိကြောင်း သိရှိရသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MyRO တွင်မှတ်ပုံတင်ရန် ဆန်လုပ်ငန်းရှင်များအား MyRO Websiteအသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆန်လက်ကျန်များကို MyRO တွင် လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဖြည့်သွင်းရမည်ဖြစ်ကြောင်းဆွေးနွေးပြီး စုစုပေါင်း ပခုက္ကူ ခရိုင်၌ MyRO တွင် မှတ်ပုံတင် ပြီးစီးသော ဆန်သိုလှောင်ရုံ(၄၉)လုံးရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
