Main menu

ပခုက္ကူမြို့ပေါ်ရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မိတ်ဖက်ဌာနများ ဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးန္တ ရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန်အတွက် ပခုက္ကူမြို့ပေါ်ရှိ စတိုး ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးတစ် ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် အညီပြည့်စုံမှုရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကိုလည်း သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)