Main menu

မြင်းခြံမြို့တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း

Powered by Drupal

                ၁၉-၁၁-၂၀၂၅ ရက်နေ့ နံနက် (၀၈ : ၃၀) အချိန်တွင် ၊ မြင်းခြံမြို့ပေါ်ရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ပိုးသတ်ဆေး ၊ မှိုသတ်ဆေး ၊ အပင်အားဖြည့်ဆေးများနှင့်စိုက်ပျိုးရေး ဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ၊ ရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွန်းအမှတ်အသားများ ပြည့်စုံ စွာပါရှိသော ကုန်ပစ္စည်း များရောင်းချစေရေး ၊ သက်တမ်းကျော်လွင်နေသောပစ္စည်းများ ရောင်းချမှု မရှိစေရေးနှင့် ဓါတ်မြေ ဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများထပ်ဆောင်း၍ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် တောင်သူကိုပြန်လည်ရောင်းချစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန မြင်းခြံ ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြင်းခြံခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများက စစ်ဆေးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)