
မန္တလေးစျေးချိုတော်တွင် နတ်တော်လဆန်းပိုင်းအတွင်း ငါးခြောက်ဝင်ရောက်မှုအပေါ်မူတည်၍ စျေးအနည်းငယ်မြင့်တက်သွားပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလစတုတ္ထပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့မှာ ငါးနီတူးခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး) ၁၆၀၀ဝိ/-နှင့်၂၀၀၀ဝိ/-၊ ငါးပုတ် သင်ခြောက်(ပြား)၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/၊ငါးရောင်ခြောက်၄၅၀၀ဝိ/-နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့် ၇၅၀၀ဝိ/-၊ ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-နှင့် ၉၅၀၀ဝိ/-၊ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့်၆၀၀၀ဝိ/- စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဘုရားပွဲများနှင့် အလှူပွဲတော်များတွင် ငါးခြောက်သုံးစွဲမှုများပြားသည့်အတွက် နတ်တော်လဆန်းအတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
