Main menu

မန္တလေးစျေးကွက်တွင် ခရမ်းချဉ်သီးစျေးမြင့်တက်လျက်ရှိ

Powered by Drupal

         နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးဝင်ရောက်မှု အပေါ်မူတည်၍  စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ သီရိမာလာစျေး (ပိုက်ကျုံးစျေး)နှင့် ၄၁လမ်း၊  ကမ်းနားလမ်းရှိ  ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီးအားခေါင်သီးနှင့် အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလစတုတ္ထပတ်အတွင်း   ဖြစ်ပေါ်လျှက်ရှိသော  ခရမ်းချဉ်သီး လက္ကားစျေးအနေဖြင့် အင်းသီးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင်  ၅၀၀၀၀ကျပ် နှင့် ၆၅၀၀၀ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီး တစ်ပိဿာလျှင်    ၃၀၀၀ ကျပ်နှင့် ၄၀၀၀ ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလတတိယပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိသာ လျှင် ၅၀၀ ကျပကွာခြားမှုရှိပြီး၊ စျေးအနည်းငယ်မြင့်တက် သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)