Main menu

တောင်ငူမြို့မှ နဂါးမောက်သီးနှင့် ဖရဲသီးဈေးကွက်

Powered by Drupal

          တောင်ငူမြို့ရှိ ဈေးများတွင် တောင်ငူမြို့နှင့်အနီးတဝိုက်မှ ရာသီပေါ်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ဒေသထွက်နဂါးမောက်သီးများမှာ အကြီးတစ်လုံးလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၅၀ ကျပ်ရှိပြီး အသေးသုံးလုံး ဝယ်ပါက ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

            တောင်ငူမြို့ရှိ ဈေးများသို့ ဒုံးကျည်သီးဟုခေါ်ကြသော ဖရဲသီးအလုံးသေးများ ဝင်ရောက်လျက်ရှိရာ အကြီးတစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်နှင့် အသေးတစ်လုံးလျှင် ၁၂၀၀ ကျပ်မှ ၁၃၀၀ ကျပ်အထိရှိကြောင်း ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)