
(၂၇-၁၁-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)ဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုအပ်ချုပ်ရေးမှူး၊ စည်ပင်(ဈေးများဌာန)တို့နှင့် ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဆန်အရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေခြင်းရှိ/မရှိ အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
