
မိုးစပါးစိုက်ဧကများကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင်ဆည် အထက်ဘက်ကျေးရွာများဖြစ်သည့်ဂွေးကုန်းရွာ၊လက်ပံအိုင့်ရွာ၊လဲဂွရွာ၊မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်း ရွာ၊ ညောင်ဖြူပင်ရွာနှင့် ရွာသစ်ရွာများ၌ စိုက်ပျိုးထားကြောင်းသိရှိရသည်။ မိုးစပါးသီးနှံကို ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကြက်မောက်တောင် ဆည်ရေသောက် ဒေသတွင်မိုးစပါး (၈၅၀) ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိ ရသည်။ စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခနှင့် အောင်နိုင်တိုးစပါးမျိုးများကို စိုက်ပျိုးထား ကြောင်း၊ ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရ ကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မိုးစပါးများရိတ်သိမ်း ထွက်ပေါ်မည် ဖြစ်ကြောင်း၊ မိုးလေဝသမှန်ကန်သည့် နှစ်များတွင် မိုးစပါးများကို စောစောစိုက်ပျိုးလေ့ရှိပြီး မိုးရွာသွန်းမှုနောက်ကျလျှင် မြေအောက်ရေ သောက်စနစ် ဖြင့်စိုက်ပျိုး ကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧကအထွက်နှုန်းအနေဖြင့်၉၇တင်းမှ၁၀၀တင်းခန့်ထွက်ရှိကြောင်း၊ယခင်နှစ်ထွက်ပေါ်ချိန်စပါးတစ်တင်းလျှင်ဒေသပေါက်ဈေး (၁၈၀၀၀- ၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မရှိကြောင်း၊ ထွက်ရှိသော စပါးများကို ဒေသအတွင်းရှိ စက်များ၌ကြိတ်ခွဲပြီး ရရှိလာသောဆန် သားများကို ဒေသတွင်းဝမ်းစာနှင့် တိရိစ္ဆာန်အစာ အဖြစ်အသုံးပြုကြကြောင်း၊သိရှိပါသည်။
DOCA(မန္တလေး)
