သဖန်းချိုကျေးရွာတွင် တန်ဆောင်မုန်းပဲများ ထွက်ပေါ်လာတော့မည်ဖြစ်သဖြင့် တန်ဆောင်မုန်း ပဲစိုက်ပျိုးမှုဈေးနှုန်းဈေးကွက်နှင့် အကျိုးအမြတ်ကို သိရှိစေရန်အတွက် လေ့လာတင်ပြလိုက်ရပါသည်။ တန်ဆောင်မုန်း ပဲဆိုသည်မှာ ဒေသအခေါ်အဝေါ်ဖြစ်ပြီး တိုင်ထောင်ပဲနှင့် ဆင်တူပါသည်။ တန်ဆောင် မုန်းပဲကို ဝါခေါင်လမှစတင် စိုက်ပျိုးပြီး (၄) လအကြာ တန်ဆောင်မုန်းလတွင် စတင်အသီးများ ခူးဆွတ် ရပါသည်။
တန်ဆောင်မုန်းပဲစိုက်ပျိုးဧကမှာ နှစ်ယောက်စိုက်ဖြစ်ပြီး၊ စိုက်ပျိုးသောမျိုးမှာ ဒေသမျိုး ဖြစ်ပါ သည်။ တန်ဆောင်မုန်းပဲ နှစ်ယောက်စိုက်လျင် မျိုးအနေဖြင့် နို့ဆီဗူး (၁)ခန့်ကုန်ကျပြီး တစ်ဘူးလျှင် (၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း သိရှိရပါသည်။ နှစ်ယောက်စိုက်ကုန်ကျစရိတ်မှာ (၁၅၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး ထွက်ရှိလာသော ပဲသီးများကို ပြည်ဈေးကွက်သို့ ပို့သလို၊ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ တန်ဆောင်မုန်းပဲသီး ဈေးနှုန်းများမှာ တစ်တောင့်လျှင် (၅ - ၁၀) ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ တန်ဆောင်မုန်း ပဲသီး နှစ်ယောက် စိုက်လျှင် အကျိုးအမြတ်အနေဖြင့် (၉၀၀၀၀၀) ကျပ်ခန့်ရရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)