
ငှက်ပျောဖူးသည် ငှက်ပျောပင်၏ အပွင့်ဖြစ်ပြီး ငှက်ပျောသီးအဖြစ် မအောင်မြင်မီ အဆင့်တွင် ရှိသော အပွင့်ဖူးအစိတ်အပိုင်းဖြစ်ကြောင်း၊ ခရမ်းရောင်ရှိပြီး မာကျောသည့်အခွံဖြင့်ဖုံး အုပ်ထားကာ အတွင်းတွင်ပျော့ပျောင်းပြီး အဝါရောင်သန်းသော အပွင့်လေးများ ခွေလျက်ရှိသော အဖူးဖြစ်သည်။ ငှက်ပျောဖူးသည် အာဟာရဓာတ်ကြွယ်ဝသော အစားအစာတစ်ခုဖြစ်ပြီး အမျှင်ဓာတ်ပါဝင်၍ အစာခြေ စနစ်အတွက် ကောင်းမွန်ကြောင်း၊ ပရိုတင်းနှင့် ပိုတက်ဆီယမ်ကြွယ်ဝသဖြင့် ကြွက်သားများနှင့် အာရုံကြောများအတွက်အကျိုးပြုကြောင်း၊ ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဗီတာမင်အေ၊ စီနှင့်အီး တို့ပါဝင်၍ အရွယ်တင်နုပျိုစေကြောင်း၊ သံဓာတ်ပါဝင်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေး ကြောင်းသိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သကြားဓာတ်နည်းပြီး အမျှင်ဓာတ် နည်းသဖြင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေး၍ ဆီးချိုရောဂါကို ကာကွယ်ပေးကြောင်း၊ ပိုတက်ဆီ ယမ်ဓာတ်သည် သွေးပေါင်ချိန်ကို ထိန်းညှိပေးသောကြောင့် သွေးတိုး ကျစေကြောင့်၊ အူမကြီးကို သန့်စင်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေး၍ အစာခြေစနစ်ကို အထောက်အကူပြုကြောင်း၊ ကယ်လိုရီ နည်းပြီး ဗိုက်ပြည့်စေသောအစားအစာ ဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက် ဝိတ်ချသူများအနေဖြင့် ကိုယ်အလေးချိန်ကျဆင်းကြောင်း၊ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်သဖြင့် စိတ်ကျရောဂါကို သက်သာစေကြောင်း ဖတ်ရှု့သိရှိရသည်။
DOCA(မန္တလေး)
