Main menu

ဖရုံစေ့လှော်၏အာဟာရအကြောင်း

Powered by Drupal

     ဖရုံစေ့လှော်တွင် အပင်ကရရှိသော မပြည့်ဝဆီများ၊ ဗီတာမင်B2နှင့် ဖောလိတ်အက်ဆစ်ဓာတ် တို့ပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ကြောင်း၊ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာ (၂၈-၃၀) ဂရမ်ခန့် စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး များကို ရရှိစေပြီး ပရိုတင်းဓာတ်ပါဝင်သောကြောင့် ကြွက်သားနှင့် ဆဲလ်များ အားကောင်းစေပြီး Omega 3၊ Omega 6  မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက် အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြားကျန်းမာရေးကို လည်းအထောက် အကူပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာ တွေကို သက်သာစေကြောင်း၊ ညအိပ်မပျော်ဖြစ်နေသော သူများအတွက်မအိပ်ခင်ဖရုံစေ့လှော် အနည်းငယ်စားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင်သောကြောင့် အိပ်စက်ခြင်းကို အထောက် အကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ်များစွာပါဝင် သောကြောင့် ပြည်တွင်း၌ အလွယ် တကူရနိုင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝသော ဖရုံစေ့လှော်ကို စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)