Main menu

ဆံပင်နက်မှောင်သန်စွမ်းစေသောအောင်မဲညိုပန်း

Powered by Drupal

                အောင်မဲညိုပင်သည် မြန်မာနိုင်ငံနေရာအနှံအပြား၌ အလေ့ကျပေါက်ရောက်သလို စနစ်တကျလည်းစိုက်ပျိုးကြကြောင်း၊ မြေနေရာမရွေး စိုက်ပျိုးရလွယ်ကူသော ဆေးဖက်ဝင် အာနိသင်ရှိသော အပင်ဖြစ်ကြောင်း သိရှိရသည်။  အပွင့်ကိုစားသုံးခြင်းဖြင့် မျက်စိကို သွေးလည် ပတ်မှု ကောင်းစေပြီး အမြင်အာရုံကောင်း၍ မျက်စိကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိညောင်းတာ၊ မြင်လွှာထိခိုက်ခြင်းတို့အတွက်လည်း ကုသနိုင်စွမ်းရှိကြောင်း၊ ဦးနှောက်ဉာဏ်ရည်ကိုမြှင့်တင်ပေး၍ မှတ်ဉာဏ်ကိုလည်းကောင်းစေကြောင်း၊ နာကျင်ကိုက်ခဲမှုတွေနဲ့ ရောင်ရမ်းမှုတွေကို သက်သာ စေကြောင်း၊ အောင်မဲညိုပန်းမှာ ပါဝင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများမှာ Collagen နှင့် elastin ‌ဟော်မုန်းချက်လုပ်မှုကို နှိုးဆွပေး၍ အသားအရေနုပျို‌စေပြီး အရေးအကြောင်း ဖြစ်ခြင်းကိုကာကွယ် ပေး၍ အသားအရေလှပစေကြောင်း၊ အောင်မဲညိုပန်းမှာ  Bioflavonoids ဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေး၍ ဆံပင်နက်မှောင်သန်စွမ်းစေပြီး ဆံပင်ပါး၊ ဆံပင်ကျွတ်ပါက အောင်မဲညိုပွင့်အား ဟင်းချိုချက်စားခြင်း၊ ရေနွေးကြမ်းသောက်ခြင်းဖြင့် ဆံပင်မျာနက်မှောင်သန်စွမ်းကြောင်းသိရှိရသည်။

DOCA(မန္တလေး)