Main menu

နတ်တော်လဆန်းတွင်ကြက်သွန်ဖြူပေါက်စျေးငြိမ်လျက်ရှိ

Powered by Drupal

               စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊နတ်တော်လဆန်းတွင် ကြက်သွန်ဖြူပေါက်စျေးမှာ  စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက် တစ်ပိဿာပေါက်စျေးများမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီ စျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက္ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်နိုဝင် ဘာလတတိယ ပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်လျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)