Main menu

နတ်တော်လဆန်းအတွင်းရှိ  မန္တလေးမှိုစျေးကွက်

Powered by Drupal

               နတ်တော်လအခါသမယအချိန် မန္တလေးစျေးကွက်အတွင်း မှိုအမျိုးမျိုးဝင်ရောက်လျက် ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် တွေ့ရှိမှုများသော အမျိုး အစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊   ဝါးမှိုများ ဖြစ်ပါကြောင်း သိရပါသည်။၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း မှိုအမျိုးအစားအလိုက် ဖြစ်ပေါ် ခဲ့သည့်စျေးများမှာ  ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး  ၈၀၀ဝိ/-စျေး၊လက်လီစျေး ၉၀၀ဝိ/-နှင့်၁၀၀၀ဝိ/-၊ကောက်ရိုးမှိုတစ်ပိဿာလျှင်လက္ကားစျေး ၁၀၀၀ဝိ/-၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့်၁၂၀၀ဝ/-၊အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)  လက္ကားစျေး  ၃၀၀၀ဝိ/- နှင့်လက်လီစျေး အထုတ် (သေး) တစ်ထုတ်လျှင်  ၃၅၀ဝိ/- စျေး၊တောင်ပိုမှို လက္ကားစျေး ၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ်၊ လက်လီစျေး၄၀၀၀၀ကျပ်စျေးအသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း၊ ရာသီစာမှိုမှာ မန္တလေးစျေးကွက် အတွင်း အရောင်းသွက်လျက်ရှိကြောင်း ရေနီမြောင်းစျေးမှ သိရှိရပါသည်။  

DOCA(မန္တလေး)