
မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ရွှေပဲသီး၊ အာလူးသီး၊ပန်းမုံလာ၊ ငရုတ်သီးစိမ်းစသည့် ဟင်းသီးဟင်းရွက် အသီးအနှံများ ကို အောင်ပန်း၊ ပြင်ဦးလွင်၊ မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။ နိုဝင်ဘာလ တတိယပတ် တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ခရမ်းသီး (၂၅)ကျပ်သား (၈၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ဘိုစားပဲသီး(၂၅) ကျပ်သား(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေပဲသီး (၂၅)ကျပ် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အာလူးသီး(၂၅)ကျပ်သား(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့်ငရုတ်သီးစိမ်း (၂၅)ကျပ်သား(၂၀၀၀)ကျပ်၊တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပန်းမုံလာတစ် ပွင့်လျှင်(၁၅၀၀/၂၀၀၀)ကျပ် ဈေးများဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထမင်းဆိုင်၊ စားသောက်ဆိုင်များ ပေါများလှသောမြို့ဖြစ်သောကြောင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
