Main menu

ငါန်းဇွန်မြို့  မြို့မစည်ပင်သာယာဈေးရှိ ပဲလက်လီအရောင်းဈေးနှုန်းများ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့သည် မြစ်ကမ်းဘေးတည်ရှိပြီး စိုက်ပျိုးရေးကို အခြေခံ သော မြို့လေးတစ်မြို့ဖြစ်ပြီး စပါးကို ဒေသတွင်းစားသုံးရန်အတွက် စိုက်ပျိုးကြောင်း၊ဆီထွက် သီးနှံ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ငါန်းဇွန်မြို့ရှိ မြို့မစည် ပင်သာယာဈေး သည် နံနက်ခင်းဈေးဖြစ်ပြီး ကုန်စိမ်း၊ သားငါး၊ ကုန်ခြောက်၊ ဆန်၊ ဆီ၊အဝတ်အထည် စသည့်ဖြင့် အစုံအလင်ရောင်းချသောဈေး ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ကုလားပဲ တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ မတ်ပဲ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ပဲဝါလေး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် မြေပဲဆံ တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း  ပဲရောင်းချသူဆိုင်မှ သိရသည်။

DOCA(မန္တလေး)