
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၆၇၅၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၇၂၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခုနိုဝင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း၊ ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၅၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၂၀၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် (V7)(၁)တင်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
