
မုန့်ပြားသလက်သည် မြန်မာ့ရိုးရာ မုန့်တစ်မျိုးဖြစ်ပြီး၊ မြန်မာလူမျိုးများသည် နံနက်ခင်းနှင့် နေ့လည်ခင်းများ၌ အဆာပြေ ရေနွေးကြမ်းဖြင့် သုံးဆောင်ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့ရှိ ရပ်ကွက်နှင့် ဈေးများတွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် တစ်ခုလျှင် (၃၅၀) ကျပ် ၊ သုံးခုလျှင် (၁၀၀၀) ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချကြောင်း၊ ပြုလုပ်ပုံမှာ ဆန်မှုန့် ကို ဆား၊ ရေနှင့် ဖျော်စပ်ပြီး မုန့်နှစ်အရည်ကို မြေအိုးခင်းတွင် ထည့်၍ မီးဖြင့် အပူပေး၍ချက်ရကြောင်း၊ မုန့်ပြားသလက်အဖြူကို ပုံမှန်အားဖြင့် စားတော်ပဲပြုပ် ၊ နံနံပင် ၊ဆီ၊ ဆားစသည့်တို့ ထည့်ကာ အရသာပိုမို ကောင်းမွန်အောင် ပြုလုပ်စားသုံးကြကြောင်း၊ မုန့်ပြားသလက် အနီမှာထန်းလျှက် ရေကြို ဖြင့် ရောစပ်၍ပြုလုပ်ကြောင်း၊ မုန့်ပြားသလက်များကို နှမ်းထောင်း၊ ဆီတို့ဖြင့် အပေါ်ကို သုတ်လိမ်းပြီး စားသုံးကြကြောင်း၊ ရောင်းချရမှုအနေဖြင့် နေ့စဉ်မုန့်ပြားသလက်(၃၀-၇၀)ခုရောင်းချရကြောင်း၊အော်ဒါအမှာရှိပါကပိုမိုရောင်းချရကြောင်း၊မြန်မာ့ရိုးရာအစားအစာအနေဖြင့်စားသုံးမှုများပြားပြီး အရောင်း အဝယ် ကောင်းကြောင်း မုန့်ပြားသလက် ရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
