
မြင်းခြံမြို့နယ်သည် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သစ်သီးဝလံများကိုစိုက်ပျိုးလျက်ရှိရာဒေသ တွင်းစားသုံးရန်အတွက် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်းပန်းမြို့ ရှိပွဲရုံများနှင့် ပုပ္ပါးမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ရောင်းချနေသော ခရမ်းချဉ်သီး အသေးတစ်ပိဿာလျှင် (၁၆၀၀) ကျပ်၊ ခရမ်းချဉ်သီးအလတ်တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီးအကြီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင်ခရမ်းချဉ်သီးအစစုံ တစ်ပိဿာ လျှင် (၂၀၀-၅၀၀) ကျပ်အထိ ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ပုပ္ပါးမြို့ဘက်လာမှ ခရမ်းချဉ်သီးများ ထွက်ပေါ်လာပြီဖြစ်သောကြောင့်ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊သီးနှံသည်နေ့စဉ်ဟင်းလျာများတွင်ကြော်ချက်စားသုံးကြသောကြောင့်စားသုံးမှုများပြီး အရောင်း အဝယ်ကောင်းကြောင်း၊ နေ့စဉ်လက်လီ၊ လက်ကားဝယ်ယူသူ များသောကြောင့် နေ့စဉ်ကုန်ချိန် ပိဿာ (၁၀၀-၂၅၀) ပိဿာခန့် ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိ ရသည်။
DOCA(မန္တလေး)
