
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းတည်ရှိပြီးမြစ်ချောင်းများပေါများသဖြင့် ပင်လယ်ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း အများဆုံးလုပ်ကိုင်ကြပြီး ယခုအချိန်သည် မိုးအကုန် ဆောင်းရာသီသို့ရောက်ရှိလာရာ ပင်လယ်ပြင်နှင့် ရေငံဝင်ရောက်သည့်မြစ်များတွင် လှေငယ်များ၊ ကျားဖောင်များဖြင့် တိုင်းဒေသကြီးမှထွက်ကုန်တစ်မျိုးဖြစ်သည့် မျှင်ငပိများကို ထုတ်လုပ် ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ဂွေးကောင်(ခေါ်)မျှင်ကောင်လေးများအား ဖမ်းဆီးရရှိမှုများသဖြင့် ထားဝယ်မြို့ပေါ်ရှိ ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် မျှင်ငပိအကောင်းစား တစ်ပိဿာလျှင် ၁၁၀၀၀/၁၂၀၀၀ ကျပ်၊ အလတ်စား တစ်ပိဿာလျှင် ၇၀၀၀/၈၀၀၀ ကျပ်၊ အညံ့စား တစ်ပိဿာလျှင် ၄၅၀၀/၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
