
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများ အဓိကဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ အုန်းပင်ကို အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံးကုန်ပစ္စည်းအမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။
မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် နိုဝင်ဘာလ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်းရေသောက် အုန်းသီးအနု/အရင့်၊ အကြီး/ အသေးပေါ်မူတည်၍ အုန်းသီးတစ်လုံးလျှင် (၂၄၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိလည်းကောင်း၊ ရှောက်ပန်းသီး တစ်လုံးလျှင် (၂၂၀၀)ကျပ်မှ (၂၇၀၀)ကျပ်ဖြင့်လည်းကောင်း မုံရွာမြို့၊ ကျောက္ကာလမ်းဘေး တစ်လျောက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
