
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် စိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးလုပ် ကိုင်သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း အဓိကအားဖြင့် မိုးဦးကာလ၌ မိုးစပါးကို အလေးထားကာ စိုက်ပျိုးရာသီတွင် ဒေသစားသုံးရန် ဆန်ဖူလုံ ပိုလျှံစေရန်အတွက် မိုးစပါးအဖြစ် ရွှေရင်အေး၊ ဆင်းဧကရီ(၃)နှင့် ငစိန်ကောက်ညှင်းစပါးကို စိုက်ပျိုးကြပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လယ် (၄၃၄၆၆) ဧက စိုက်ပျိုးခဲ့ပြီး ယခု (၁၅.၁၁.၂၀၂၅) ရက်နေ့အထိ (၄၃၃၆၉) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရှိရပါသည်။
ယခုနှစ် မိုးစပါး တစ်ဧက၏ ကုန်ကျစရိတ်မှာ သွင်းအားစုအနေဖြင့် မျိုးစပါးပျိုးထောင်သည့် နေ့မှစ၍ မြေပြုပြင်ခြင်း၊ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်း၊ ဘောင်ဖော်ခြင်း၊ ပျိုးနုတ်ခြင်း၊ စိုက်ခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ အထွေထွေသွင်းအားစု စုစုပေါင်း (၁၂) သိန်းကျပ် ကုန်ကျကြောင်း တောင်သူကြီးများထံမှ သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်တွင် မိုးစပါး တစ်ဧက အထွက်နှုန်းမှာ (၈၆) တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ မိုးစပါး တစ်တင်းလျှင် လက်လီဈေးနှုန်းမှာ (၁၇၅၀၀) ကျပ်၊ လက်ကား ဈေးနှုန်းမှာ (၁၄၅၀၀) ကျပ် ပေါက်ဈေး အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ စပါးတင်း (၈၆) တင်းအတွက် (၁၅) သိန်းကျော်ခန့် ရရှိပါသည်။ တစ်ဧက၏ အထွေထွေကုန်ကျ စရိတ် (၁၂) သိန်းနုတ်လျှင် မိုးစပါးစိုက်တောင်သူကြီးများအနေဖြင့် လယ် တစ်ဧကကို (၃) သိန်း ကျော်ခန့် အမြတ်အစွန်းရရှိနေကြောင်း သိရပါသည်။ ယခုနှစ်တွင် လုပ်သားခနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အမြတ်အစွန်းနည်းပါးရခြင်းဖြစ်ကြောင်း မိုးစပါးစိုက်တောင်သူကြီး များထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
ပြည့်စုံ
