
ရေစကြိုထန်းသီးမုန့်သည် မြန်မာ့ရိုးရာမုန့်တစ်မျိုးဖြစ်ပြီး အဓိကပါဝင်စ္စည်းများမှာ ဆန်မှုန့်၊ ထောပတ်၊ အုန်းကြော်၊ ဖရုံယို၊ ထန်းသီးနှင့် ထန်းလျက်တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားပြီး အရသာမှာ နူးညံ့ချိုမြိန်ပြီး ထန်းသီးနံ့မွှေးမွှေးလေးဖြင့် ကိတ်မုန့် မလဲနိုင်သည့် အချိုပွဲတစ်မျိုး ဖြစ်ကြောင်း လူသိများသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ထန်းသီးမုန့် ရိုးရိုး၂၅ ကျပ်သား(၃၀၀၀) ကျပ်၊ ထောပတ်ထန်းသီးမုန့် ၂၅ ကျပ်သား လျှင်(၄၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ မြန်မာမုန့်ဖြစ်သောကြောင့် လူကြိုက်များပြီး စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ ပခုက္ကူမြို့တို့မှမှာယူ၍ မြင်းခြံဈေးကွက်၌ ရောင်းချကြောင်းသိရှိရသည်။DOCA(မန္တလေး)
