
မျှစ်ခြောက်သည် လူကြိုက်များသော အစားအစာအဖြစ် စားသုံးကြကြောင်း၊ မြင်းခြံမြို့နယ် အတွင်းရောင်းချနေသော မျှစ်ခြောက်များကို ပခုက္ကူမြို့နှင့် ရေစကြိုမြို့တို့မှ တင်သွင်းရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေး၌ ရောင်းချနေသော မျှစ်ခြောက် တစ်ဆယ် ကျပ်သားလျှင် (၄၅၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ အထားအသိုခံသော မျှစ်ခြောက်အား တောရောမြို့နေလူဦးရေ ဝယ်ယူစားသုံးမှုများပြားကြောင်း စားဖိုဆောင်အုပ်စုဖြစ်သော မြစ်ခြောက်သီးနှံကို စားသုံးမှုများပြား၍ အရောင်းအဝယ်ကောင်းကြောင်း၊ ကုန်ခြောက် ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။ မျှစ်ခြောက် (မျှစ်)သည် ပရိုတင်းဓာတ်၊ ဗီတာမင်၊ သံဓာတ်နှင့် ပိုတက် ဆီယမ်ဓာတ် စသည့်တို့ပါဝင်ပြီး ကယ်လိုရီနည်း၍ ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့်သကြားဓာတ် လည်းနည်းပါးသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုကြောင်း၊ တားရှည် ခံဓါတုဆေးမပါသော သဘာဝမျှစ်များကိုရွေးချယ် စားသုံးသင့်ပါကြောင်း လေ့လာသိရှိရ သည်။
DOCA(မန္တလေး)
