Main menu

တန်မြင့်ဆန်များထုတ်လုပ်နေသည့် ရွှေဝါနဒီဆန်စက်

Powered by Drupal

        ရွှေဝါနဒီဆန်စက်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ ရန်ကုန်၊ပုသိမ်လမ်းမကြီး၊မိုင်တိုင် ၁၉/၃-၁၉/၅ အကြားတွင် တည်ရှိပါသည်။

          ရွှေဝါနဒီဆန်စက်အကျယ်အဝန်းမှာ( ၁၆.၂၆ )ဧကခန့် ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စပါးများ ကိုစတင်ကြိတ်ခွဲ ထုတ်လုပ်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး(၁၀၈၅၄.၇၁/-) ကျပ်သန်း ရင်းနှီးမြုပ်နှံထားရှိကြောင်းနှင့် ဝန်ထမ်းဦးရေ (၁၂၀) ဦး လုပ်သားဦးရေ  (၅၀၀) ခန့် တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဝါနဒီ ဆန်စက်ပိုင်ရှင် ဦးလူမြင့်မောင်မှ သိရသည်။

          မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ တတိယပတ်တွင် ရွှေဝါနဒီစက်ရုံသို့ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွင် ရွှေဝါနဒီဆန်စက်ပိုင်ရှင် ဦးလူမော်မြင့်မောင်မှ လိုက်လံ ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆန်စက်တွင် စပါးအခွံချွတ်စက်၊ Husker ( SATAKE, JAPAN ) ဆန်အချောထုတ်လုပ်စက်၊ Rice Mill (SATAKE, JAPAN )၊ ဆန်ကွဲပြန်လည် သန့်စင်ဆန် (China ) များတပ်ဆင်အသုံးပြု ထားပြီး၊ တန်းမြင့် ဆန်များထုတ်လုပ်၍ ပြည်တွင်းဈေးကွက်သာမက နိုင်ငံခြားဈေးကွက်အထိ အရည် အသွေးမြှင့်ဆန်များထုတ်လုပ် ဆောင်ရွက်မှုများကို ရှင်းလင်းပြေပြသည်။

          ရွှေဝါနဒီဆန်စက်၏ စက်ကြိတ်ခွဲအင်အားနှင့် သိုလှောင်နိုင်မှု အင်အားများကို ထပ်မံရှင်းပြရာ ဆန်စက်စက်ကြိတ်အင်အားအနေဖြင့် (၂၄) နာရီလျှင် (၄၄၀) တန်ကြိတ်ခွဲနိုင်ပြီး၊ ပြန်လည်သန့်စင် ခြင်းအနေဖြင့် (၂၄) နာရီလျှင် (၁၂၀) တန်ထိ ထုတ်လုပ်နိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ရွှေဝါနဒီဆန်စက်၏ တန်မြင့် ဆန်ထုတ်လုပ်နေမှု ၊နိုင်ငံခြားဈေးကွက်ရရှိမှုနှင့် တောင်သူများ၏ စပါးအရည်အသွေး အလိုက် ဈေးကောင်းပေးဝယ်ယူမှုတို့အပေါ် အားရကျေနပ်မှုရှိကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်တွင် ပြည်ပပို့ကုန်တင်ပိုနိုင်သည့် လုပ်ငန်းတစ်ခု အဖြစ်ရပ်တည်ဆောင်ရွက်နိုင်သည်ဖြစ်၍ တွန်းအားပေး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)