
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူ ပြည်သူများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၉) စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပါသည်၊ ထို့နောက် ဆီစားသုံးမှုလျော့ချရေးအကြောင်း သိကောင်းစရာများကိုလည်း ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးသူပြည်သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
