
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၇.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၄:၃၀)အချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ဓနသိဒ္ဒိ”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန် စပါး အွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင် ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စက်၌ စပါးဝယ်ယူနေမှုအပေါ် စပါးအမျိုးအစားအလိုက်ဝယ်ယူနေမှု ကွင်းစျေး၊ စက်အရောက် စျေး၊ အစိုဓာတ်အပေါ်အလေးချိန်ယူမှု၊ ဝယ်လိုအား၊ ဆန်ကြိတ်ခွဲမှု ရောင်းလိုအား၊ ဆန်စျေးကွက်၊ စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆန်စပါး လက်ကျန်အခြေအနေများ အား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
