
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ဖျာပုံမြို့နယ် သလိပ်ကလေးကျေးရွာရှိ ရွှေပြည်မိုးဆန်စက်ဆိပ်ကမ်းတံတားသို့ ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်အား သွားရောက်စစ် ဆေးခဲ့ ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်၌ အောင်ချမ်းသာဆန်စက်မှ ဧည့်မထဆန်(၂၅၀၀)အိတ်၊ အောင်နန်းတော်ဆန်စက်မှ ပေါ်ဆန်းဆန်(၃၀၀)အိတ် စုစုပေါင်း ဆန်(၂၈၀၀)အိတ်တို့အား စနစ်တကျတင်ဆောင်ထားပြီးမြိတ်မြို့Lucky-7ဆိပ်ကမ်း သို့ သယ်ဆောင် မည်ဖြစ်ကြောင်းသိရှိရပါသည်။ထိုနောက် ခရိုင်ဦးစီးမှူးက ပို့ဆောင်ရာလမ်းခရီး တစ်လျှောက် ပင်လယ်ပြင်တွင် အခြားရေယာဉ်များပေါ်သို တင်ဆောင်ခွင့်မပြုကြောင်းနှင့် လိုအပ်သည်များကိုမှာ ကြောင်းခဲကြောင်း သတင်းရရှိပါသည်။
(Doca ဧရာဝတီ)
