
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ငပုတော မြို့နယ် မြို့မဈေး မိဆုဆိုင်တွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြို့မဈေး မိဆုဆိုင်တွင် ရောင်းချနေသော Baby Mild ကလေးပေါင်ဒါဘူးများအား ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ သုံးစွဲသူဘေးအန္တရာယ်ဖြစ်စေနိုင်သောပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် သက်ဆိုင်ရာဌာန မှခွင့်ပြုထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ကြရန်နှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသည့် Baby Mild ကလေးပစ္စည်းများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် မိဆုကုန်မျိုးစုံ ရောင်းချသောဆိုင်အား အသိပညာပေးဆွေးနွေး ခဲ့ပါသည်။
(DOCA) ဧရာဝတီ
