Main menu

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း၌ စားအုန်းဆီသင်္ဘောဝင်ရောက်ခဲ့မှု

Powered by Drupal

         စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ်ကမ်း၊ Myanmar Naing Group Port Terminal သို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၂၆.၁၁.၂၀၂၅)ရက်နေ့တွင် MT MESON သင်္ဘောဖြင့် ROS ဆီကန်သို့ (၂၇၇၈.၀၃၉)တန် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)