Main menu

ပုသိမ်မြို့နယ်အတွင်း ပျားလိမ္မော်သီးဈေးကွက်

Powered by Drupal

       ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများနှင့် အသီးအနှံရောင်းချသည့် ဆိုင်များတွင် ပျားလိမ္မော် သီးများ ရောင်းချမှု စတင်မြင့်တက်လာကြောင်း တွေ့ရှိရသည်။ ပျားလိမ္မော်၏ အရသာသည် ခံတွင်းရှင်းပြီး အချိုဓာတ်ရရှိကာ အရည်ရွှမ်းသည့် အသီးဖြစ်သည်။ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပျားလိမ္မော်သည် ဗီတာမင်များစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသောကြောင့် လူအများက ဝယ်ယူစားသုံးကြပါသည်။

          ယခု နိုဝင်ဘာလ၊ ဒုတိယပတ်တွင် ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ပျားလိမ္မော်သီး ဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၅,၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၁,၀၀၀) ကျပ်၊ (၁)ပိဿာလျှင် (၂၂,၀၀၀)ကျပ် တို့ဖြင့် ရောင်းချနေကြောင်း သိရသည်။ ပျားလိမ္မော်သီးများကို ရှမ်းပြည်နယ်၊ တောင်ကြီးနဲ့ မိုးကုတ်ဘက်က လိမ္မော်ခြံတွေကနေ အဓိကတင်ပို့ လာတာဖြစ်ပြီး သစ်သီးလက်ကားဒိုင်များမှ တစ်ဆင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။      ပုသိမ်မြို့နယ်အတွင်း ရောင်းချနေသော ပျားလိမ္မော်သီးများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အသီးအနှံဖြစ်သည့်အတွက် အိမ်ရှင်မများ၏ ဈေးဝယ်စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

 

DOCA(ဧရာဝတီ)