Main menu

ကုန်စည်များ ပုံမှန်ဝင်ရောက် လည်ပတ်လျက်ရှိ

Powered by Drupal

     ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်အသက်ဝင်လာရာတွင် အိမ်ဆောက်ပစ္စည်းအချို့ ဘိလပ်မြေများ၊ လယ်ယာသီးနှံစိုက်ပျိုးရေးအသုံးပြု ဓာတ်မြေဩဇာများ ပြည်နယ်အတွင်းသို့ တင်သွင်းလျှက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းအရသိရှိရပါတယ်။ အခြားစားသောက်ကုန်များ၊ လူသုံးကုန်များအနေဖြင့် အောက်တိုဘာလ ပထမပတ် ကုန်စည်စီးဝင်မှုမှာ ကုန်စုံကား(၁၁)စီး၊ ဘိလပ်မြေ(၁၈၂၀)အိတ်၊ မြေဩဇာ(၆၇၀)အိတ်၊ ကြက်ဥ(၈၉၆၀)ကဒ်၊ အချိုရည်(၂၅၀၀)ကဒ်တို့စီးဝင်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ ပထမပတ်ကုန်ပစ္စည်းအဝင်ကားများအနေဖြင့် ကုန်စုံကား (၃၀) စီး၊ ကြက်ဥ(၉၈၂၀)ကဒ်၊ အချိုရည်ကား(၇)စီး၊ ဘိလပ်မြေ (၆၀၂၀) အိတ်၊ မြေဩဇာ(၁၉၀၀)အိတ်တို့ဖြင့် စီးဝင်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်း ယှဉ်မည်ဆိုလျှင် ယခင်ထက်ဘိလပ်မြေဝင်ရောက်မှုမှာ(၄၂၀၀)အိတ်၊မြေဩဇာ(၁၂၃၀)အိတ်၊ ကြက်ဥ(၈၆၀) ကဒ်၊ ကုန်စုံကား(၁၉)စီး ပိုမိုဝင်ရောက်လာနိုင်ပြီး အချိုရည်တို့သည် အနည်းငယ်မျှ လျော့နည်း စီးဝင်လာကြောင်း သိရှိရပါတယ်။

DOCA(ကယား)