
လပွတ္တာမြို့နယ်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေထွက်ကုန်လုပ်ငန်းများဖြင့် ကျော်ကြားသည့် မြို့နယ်တစ်ခုဖြစ်ပါသည်။ ဒေသခံများသည် ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ရရှိသော ငါးများကို လတ်လတ်ဆတ်ဆတ်ရောင်းချခြင်း၊ ငါးခြောက် လုပ်ခြင်း များ ပြုလုပ်ကြပါသည်။ လပွတ္တာဒေသထွက် ငါးခြောက်များသည် အရည်အသွေး ကောင်းမွန် သည်ဟု နာမည်ကြီးပြီး ဒေသတွင်းသာမက အခြားမြို့ကြီးများသို့ပါ တင်ပို့ရောင်းချလျက် ရှိပါသည်။ လက်ရှိအချိန်တွင် ရာသီဥတုအခြေအနေကြောင့် ငါးဖမ်းရရှိမှု အနည်းငယ်ကျဆင်း နေပြီး ငါးခြောက်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။
ယခု လပွတ္တာဈေးကွက်တွင် ငါးခြောက်အမျိုးအစား များစွာရှိသော်လည်း ဒေသတွင်း စားသုံးမှုများပြားသည့် ငါးယောင်ခြောက် တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ ငါးကြင်းခြောက် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ ငါးဥခြောက် တစ်ပိဿာလျှင် (၆၅၀၀၀)ကျပ် အသီးသီးဈေးနှုန်းများရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
