
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ် လမ်းမတော်(တ)ရပ်ကွက်ရှိ ခွဲတမ်းရလက်လီကုန်စုံဆိုင်များမှ တစ်ဆင့် ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်း ချပေးနေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လစဉ်အိမ်ထောင်စုအလိုက် ဆီထုတ်ပေးသည့် အကြိမ်ရေနှင့်ပြန်လည်ဖြန့်ဖြူးရောင်းချမှုများ၊ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့် စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ပြည့်စုံစွာ ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
