Main menu

မအူပင်ခရိုင် ၌ တီလားဗီးယားငါးများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး   မအူပင်ခရိုင်၌ တီလားဗီးယားငါးများ ဝယ်လိုအား ကောင်း ပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မအူပင်ခရိုင် တွင် ငါးမွေးမြူရေးကန်း ဧကငါးသောင်းကျော်ခန့်ရှိပြီး ငါးမျိုးစုံ မွေးမြူပြီး ရန်ကုန်သို့ တင်ပို့ခြင်း ဒေသတွင် စားသုံးရန် ရောင်းချခြင်းများရှိဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

    မအူပင်မြို့နယ်၌ နိုဝင်ဘာလပထမပတ်မှစ၍    လက်ရှိအချိန်ထိ   တီလား ဗီးယားငါး များ  ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်ကြောင်း၊ အဆိုပါဒေသ ၌   တစ်ရက်လျှင် တီလားဗီးယားငါးပိဿာ ၃၈၀၀ မှ ၅၀၀၀ အထိ  အရောင်းအဝယ် ဖြစ်နေကြောင်း    သိရသည်။

    ရန်ကုန်မြို့သို့   တီလားဗီးယားငါးများ ပိုမိုတင်ပို့နေရပြီး ။   တခြားဒေသ ဈေးကွက်က   ဝယ်လက်တွေက  အဝယ်များနေကြောင်း။   ဒေသထွက်တီလားဗီးယားငါးတွေက ရောင်းတန်း ဝင် ငါးများကို  အကင်ဆိုင်တွေ၊ ပင်လယ်စာရောင်းတဲ့ဆိုင်တွေမှ မှာယူကြပြီး ယခင်နှစ်ကထက် ပိုမိုရောင်းချရကြောင်း မအူပင် မြို့နယ်၌  အရောင်းအဝယ် ကောင်းမွန် နေသည့်   တီလားဗီးယားငါးများသည် အရွယ်အစားနှင့်လတ်ဆတ်မှုပေါ် မူတည်၍  ဈေးနှုန်း အမျိုးမျိုးရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)