တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ နိုဝင်ဘာလ ပထမအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၈.၁၁.၂၀၂၂) မှ (၁၀. ၁၁ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက် ရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက် ရှိပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အရောင်းအဝယ်မှာပုံမှန်ရှိ၍ ရာဘာစျေးနှုန်းမှာ တစ်ပေါင်လျှင် (၁၄၀၀/)ကျပ်၊ ရာဘာကို ထားဝယ်မှ ရန်ကုန်သို့လည်းကောင်း၊ ထားဝယ်မှ မုဒုံဘက်သို့ လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပြီး တစ်ပေါင်လျှင်(၁၆၀၀/-)ကျပ်ခန့်စျေးရှိကြောင်းသိရှိရပြီး သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင်(၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်းကုန်သည်တစ်ဦး ထံမှ စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)