Main menu

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးအနည်းငယ်မြင့်တက်၍ သီဟိုစေ့စျေးတည်ငြိမ်

Powered by Drupal

         ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိ ကြောင်းသိရှိရပြီး ယခု နိုဝင်ဘာလ ၁၄ ရက်တွင် စျေးနှုန်းများမြင့်တက်နေပြီး  ကွမ်းသီးစျေးမှာ ကွမ်းသီး အလုံး(အခွံမပါ) တစ်ပိဿာလျှင် (၇၀၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၆၈၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။       

          ကွမ်းသီးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာပြောင်းလဲမှုမရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)