Main menu

မုံရွာမြို့ပေါ်တွင်ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့်ဆန်းကစ်သီး ဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာအတွင်းတွင် ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးများကို အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောင်းချနေသော ပန်းဖယ်လိမ္မော်သီးနှင့် ဆန်းကစ်သီးဈေးနှုန်းမှာ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာ လျှင် (၁၀၀၀၀) ကျပ်၊ အလားတူ ဆန်းကစ်သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၇၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီးနှံမျိုးစုံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)