Main menu

ပြည်ခရိုင်၏ ဆန်စပါးဈေးကွက်

Powered by Drupal

     ပြည်ခရိုင်အတွင်း စပါးသစ်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင် စပါး စိုက်ဧက (၂၂၆၄၉၇)စိုက်ပျိုးပြီး ရိတ်သိမ်းပြီးစီးမှုမှာ (၅၂၆၆၇)ဧကရှိပါသည်။ အထွက်နှုန်းအနေဖြင့် (၉၁.၈၉)% ထွက်ရှိပါသည်။ စပါးသစ်များမှာ ယခင်နှစ် စပါးသစ်ပေါ်ချိန်တွင် (၄၆)ပေါင် တင်း(၁၀၀) လျှင် (၁၄၀၀၀၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ယခုနှစ် နိုဝင်ဘာလတွင် စပါးအသစ် (၄၆)ပေါင် ဧည့်မထ စပါးအုပ်စုဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် ပြည်မြို့နယ်တွင် (၁၂၄၀၀၀၀)ကျပ်၊ ရွှေတောင်မြို့ နယ်တွင် (၁၂၄၀၀၀၀)၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၆၀၀၀၀)ကျပ်၊ ပန်းတောင်းမြို့နယ်တွင် (၁၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး လက်ကားရောင်းချသော ဆန်သစ်ဈေးများမှာ အင်းမ ရဲဘော်ရိုးရိုး (၅၀၀၀၀)၊ အင်းမစူပါ  (၅၃၀၀၀)၊ ကရင်မဆန် (၄၅၀၀၀)၊   ဆင်းသွယ် (၄၃၀၀၀)     ရိုးနီ(အသစ်)(၈၈၀၀၀)၊ ရတနာတိုး (၄၂၀၀၀)၊ မှော်ဘီသစ် (၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ လက်လီ ရောင်းချသော ဆန်ဆိုင်များတွင် ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ်မှ (၄၃၀၀)ကျပ်အထိရောင်းချသော်လည်း ဆန်သစ်ဈေးများမှာ လက်ကားရောင်းချသော ဆန်များဈေးကျဆင်းနေကြောင်းသိရပါသည်။ Export ရောင်းချနိုင်ခြင်းမရှိဘဲ တိုင်းတွင်းနှင့် အခြားတိုင်းများသို့သာ တင်ပို့ရောင်းချရသည့်အတွက် ဆန်ဈေးများကျဆင်းနေရခြင်း ဖြစ်ပါသည်။

          ပြည်ခရိုင် အခြားတိုင်းများဖြစ်သည့် မကွေးတိုင်းသို့ ဆန်အိတ်ရေ (၃၀၀)ခန့်၊ ရန်ကုန်သို့ ဆန်အိတ်ရေ (၈၀၀၀)ခန့်တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

DOCA(ပဲခူး)