Main menu

သဘာဝမြေဆီသန့် ဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် သဘာဝမြေပဲဆီသန့် ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     အဆိုပါစစ်ဆေးမှုတွင် သဘာဝမြေပဲဆီရောင်းချသောဆိုင်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ ဖော်ပြထားခြင်း၊ စားသုံးသူကာကွယ်ရေးဥဒေတွင် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ရောင်းချရန်နှင့် ကုန်ညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများကို အရောင်းချရန်တို့ကို မှာကြားခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ပါသည်။

       (DOCA) ဧရာဝတီ