ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းသီးများ စိုက်ပျိုးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်း များသည် ခရမ်းသီးစိုက်ပျိုးသူ ဦးသိန်းအောင်နှင့် တွေ့ဆုံမေးမြန်းရာ ၎င်းမှ စိုက်ပျိုးသော ခရမ်းမျိုးမှာ ဒေသမျိုး (ခရမ်းဖြူ)မျိုး ဖြစ်ပါသည်။ ဝါခေါင်လတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရပါသည်။ ခရမ်းသီးစိုက်ပျိုးဧကမှာ တစ်ယောက်စိုက်ဖြစ်ပြီး စိုက်ပျိုး ထုတ်လုပ်ကုန်ကျ စရိတ်အနေဖြင့် (၅)သိန်းကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ခရမ်းသီးစတင် ထွက်ပေါ်ချိန်မှ နောက်(၅)လအကြာအထိ အသီးများခူးဆွတ်ရပါသည်။ ခရမ်းသီးများစတင်ထွက်ပေါ် ချိန်မှစ၍ တစ်လအတွင်း တစ်နေ့လျှင် ခရမ်းသီးအလုံး (၁၀၀)ခန့် ခူးဆွတ်ရသည်ဟု သိရှိရပါသည်။ နောက် အသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တစ်နေ့လျှင် ခရမ်းသီးအလုံး(၂၀၀)ခန့် ခူးဆွတ်ရပါသည်။ ခရမ်းသီးရောင်းဈေးမှာ တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ပေါက်ခေါင်းမြို့ပေါ်ရှိ ဈေးများအပြင် ပေါင်းတလည်မြို့နှင့် ပြည်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ခရမ်းသီးစိုက်ပျိုးသော တောင်သူအနေဖြင့် တစ်ယောက်စိုက် အကျိုးအမြတ်မှာ သိန်း(၂၀)ခန့်ရရှိသည်ဟု သိရှိရပါသည်။
ခရမ်းသီးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ယခုအချိန် ခရမ်းသီးစိုက်ပျိုးရာတွင် သွင်းအားစု ဈေးနှုန်းများကြီးမြင့်နေသော်လည်း ခရမ်းသီးဈေးနှုန်းများမြင့်ပြီး အထွက်နှုန်းကောင်းသဖြင့် တစ်ယောက်စိုက် စိုက်ပျိုးသူတောင် အကျိုးအမြတ်သိန်း(၂၀)ခန့်ရရှိသဖြင့် ဧကပြတ် စိုက်ပျိုးမည်ဆိုပါက အရင်းလည်းကြီး အမြတ်အစွန်းလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း လေ့လာ သုံးသပ်တင်ပြအပ်ပါသည်။
DOCA(ပဲခူး)