မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည်စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုအဓိက ထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားအများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ယခင်( ၂၀၂၁ - ၂၀၂၂ ) ခုနှစ်တွင် (၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ခုနှစ်တွင် ( ၁၄၃၇၉၆ )ဧက စိုက်ပျိုးထားပြီး ယခုအချိန်တွင် မိုးစပါးများ အောင်မြင် ဖြစ်ထွန်း လျှက်ရှိပါသည်။ မိုးရွာသွန်းမှုကောင်းသောနှစ်ဖြစ်သောကြောင့် ယခုနှစ်မိုးစပါးများမှာ ယခင်နှစ်ထက် ပိုမိုဖြစ်ထွန်းကြောင်း ရေတင်စရိတ်များလည်း ယခင်နှစ်ကထက် သက်သာကြောင်း၊ အထွက်နှုန်းလည်းပိုမိုကောင်းမွန်နိုင်ကြောင်း၊ မိုးစပါးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ပဒေသာစပါး(အဟောင်း) တင်း(၁၀၀) လျှင် (၁၅၀၀၀၀ဝိ/-)ကျပ် ၊ မနောသုခစပါး(အဟောင်း)တင်း (၁၀၀) လျှင် (၁၃၀၀၀၀ဝိ/-)ကျပ်ဖြစ်ပြီး ဆန်ဈေးနှုန်းအနေဖြင့် ပဒေသာဆန်(အဟောင်း)(၂၄)ပြီ တစ်အိတ်လျှင် (၆၇၀၀ဝိ/-)ကျပ်၊ မနောသုခ ဆန်(အဟောင်း)(၂၄)ပြီ တစ်အိတ်လျှင် (၄၇၀၀ဝိ/-)ကျပ်ရှိပြီး ဆန်ဈေးကွက်အနေဖြင့် မန္တလေး ၊ နွားထိုးကြီး၊ မြင်းခြံ မြို့များသို့ အများဆုံး တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊ ယခုနှစ် မိုးစပါးမှာ ယခင် မိုးစပါးထက် ကုန်ကျစရိတ်များသော်လည်း အထွက်နှုန်းအနေဖြင့် ပိုမိုထွက်ရှိနိုင်သောကြောင့် တောင်သူများအတွက် တွက်ခြေကိုက်သည့်နှစ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
DOCA(မန္တလေး)