
စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန်၊ တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535) သို့ ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဓနုဖြူမြို့နယ် ဒေသတွင်း မုန့်ထုတ်လုပ်သော လပ်ငန်းရှင်များ ဆက်သွယ်ဆောင်ရွက်မှုများကို ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ များက (၂၈-၁၁-၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချန်က အသိပညာပေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဖွင့်လှစ် ဆောင်ရွက် ဝန်ဆောင်မှုပေးလျက်ရှိသော Consumer Call Center (1535) မှ ဖြေကြားဖြေးရှင်းဆောင်ရွက်ပေးလျက်ရှိပြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းမှ မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆက်စပ်နေမှုများ, စီးပွားရေးလုပ်ငန်းရှင်(၃)ဦးမှ သိလိုသည့် အချက်များကို မေးမြန်းဆောင်ရွက်လိုသဖြင့် Consumer Call Center (1535) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ ဦးရဲဝင်း (၁)ရပ်ကွက် နေသူမှ တာဝန်ကျ ဒေါ်စန်းစန်းမော် (အကြီးတန်းစာရေးအား) မေးမြန်းဆောင်ရွက်ခြင်း၊ ဦးစိန်လွင် ရေတွင်းကုန်းကျေးရွာနေသူမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအချက်များကို သိရှိလို၍ တာဝန်ကျသူ ဒေါ်စန်းစန်းမော် အကြီးတန်းစာရေးအား မေးမြန်းဆောင်ရွက်ခြင်း၊ ဦးသက်ကိုကိုဇော် (၁၃)ရပ်ကွက်နေသူမှ တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို တာဝန်ကျသူ ဒေါ်ကေသွယ်ငြိမ်း ဒုဦးစီးမှူးအား ဆက်သွယ်ခဲ့ကြပြီး တာဝန်သူများက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ လည်း Consumer Call Center (1535) ဆက်သွယ်ခဲ့သော လုပ်ငန်းရှင်များကို Consumer Call Center (1535) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါက တိုင်ကြားနိုင်သော နည်းလမ်းများနှင့် Call Center သို့ တိုင်ကြားလာသည့်အမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
